Sunday 27 November 2011

နားထောင်ကွဲ့......အမောင်မျိုးချစ်.



.
တစ်ယောက်အပြစ်တစ်ယောက်တင်...
တစ်ယောက်အသက်တစ်ယောက်မငဲ့...
အသက်တွေ..အသက်တွေ...
စတေးတဲ့ဒီတောဒီတောင်ဒီရေဒီမြေမလှ..
ဒီသဘာဝတွေလည်း..
ယမ်းငွေ့တွေထဲ..
မွန်းကြပ်နေဆဲ....
ရာစုတွေထဲနစ်မွန်းစေခဲ့တာလည်း..
ကြာခဲ့ပါပြီ..မောင်မျိုးချစ်..။
သေသူ သတ်သူ ...
သွေးရင်းတူတွေသတ်တဲ့ပွဲမှာ
ဘယ်သူ့ဘတ်ကလတ်ခုပ်လတ်ဝါး..
ငါတို့အားပေးရမလည်း...အမောင်မျိုးချစ်။
ဘယ်ဘတ်ကသေသေ..
သေသူတိုင်းဟာ ငါသွေးသားတွေပါ...အမောင်မျိုးချစ်..။
တော်ကြပါတော့....
၇ပ်စမ်းပါတော့...
တို့တွေသွေးစီး
ချောင်းကြီးလည်းဖြစ်ေ၇ာ့ပြီ...အမောင်မျိုးချစ်။
ဝါဒအစွဲ ၊ ဂိုဏ်းခွဲအလံထူ..
သူတစ်မျိုးငါတမျိုးနဲ့...
ငါတို့အမျိုးတွေပဲ ဆုံးပါးရတယ်..မောင်မျိုးချစ်..။
ညီညွှတ်တရား မုဒိတာပွားလို့..
တစ်ယောက်လက် တစ်ယောက်ဆွဲ....
တစ်ယောက်လဲမူတစ်ယောက်ထူ...
ညှာတာဖေးမမေတ္တာမျှလို့
တို့ေ၇တို့မြေ အလှတွေဝေကြ စေဦး မောင်မျိုးချစ်..။
ခေတ်အဆက်ပျက်ယွင်း...
စစ်ရဲ့ ဖိနပ်သံတွေပျောက်စမှာ..
မာန်မာနတွေခဏထားလို့...
တို့ရဲ့မြေပုံအလှတို့နိုင်ငံလေး...
.ငြိမ်းအေးပါစေဦး..
အေးချမ်းပါစေဦး....

နန်းယမင်း

Saturday 19 November 2011

ငါအမှန် မင်းအမှား

မင်း...ထိုလမ်းဆို

ငါ့...ဒီလမ်း

သုံးနဲ့လေးလို

ကျော့ခိုင်းသွားနေကြတာ

နှစ်ပေါင်းမနည်းတော့ဘူးကွယ်

ရည်ရွယ်ချက်ချင်းတူလျှက်သားနဲ့

ငါဆိုတဲ့ အတ္တ မန်မာနတွေကြောင့်

သဘောထားချင်းမတိုက်ဆိုင်လို့

ကွဲလွဲနေတော့မဖြစ်သင့်ဘူးလေ

ကိုယ့်လူမျိုးအတွက် အကျိုးမရှိ

မင်းတို့...ငါ့တို့...မှားခဲ့တဲ့ အမှားတွေကို

သင်္ခန့်စာယူကြရအောင်။


ငါအမှန် မင်းအမှားနဲ့

တစ်ယောက်အပြစ် တစ်ယောက်တင်

တစ်ယောက်ကို တစ်ယောက်လက်ညှိုးထိုး

တစ်ယောက်တစ်မျိုးနဲ့

အချိန်ကုန် လူမော

ကိုယ့်အချင်းမညီ..ကိုယ့်ပေါင်လှန်ထောင်း

တစ်ယောက်ကို တစ်ယောက်အပုတ်ချလို့

သတင်းတွေလည်း မမွှေးတော့ပြီ..။


""ရွှေသမင် ဘယ်ကထွက် ၊မင်းကြီးဖင်ကထွက်'"

မကြားဝံ့လို့မခံသာ ၊နားစွင့်လို့မတော်

ငါအမှန် မင်းအမှန်ဇွတ်ငြင်း

ကိုယ့်အချင်းတောင် မလေးစား

အကြောင်းအရင်းမညီတော့

ကောင်းကျိုးတရား ဘယ်ရှိမလည်း...။


ငါပဲတတ် ၊မင်းပဲသိနဲ့

အတ္တကိုယ်စွဲ ၊ပုဂ္ဂိုလ်စွဲ့ဖြင့်

လူထုအရေးကိုမေ့ ၊ကိုယ့်ဂုဏ်ဖော်အရေးကိုတွေးရုံလောက်နဲ့

အမျိုးသား ခေါင်းဆောင်မဖြစ်နိုင်ဘူးလေ..

ယုတ္တိရှိရှိ ၊အကျိုးရှိရှိ ဘဝအမှန်ကိုတွေး

လူထုအရေးကို ခဏလေးတွေးပေးကြစမ်း။


ညီညွှတ်ခြင်းမဲ့တဲ့လက် ၊ အပြစ်တင်ပဲတတ်တဲ့ပါးစပ်နဲ့

ကိုယ့်အကြောင်းကိုလည်း ၊ကိုယ်ပြန်ကြည့်ပါအုံး..

မပြည့်တဲ့အိုး ဘောင်ဘင်ခတ် ၊

"တစ်စိတ်ကို တစ်အိတ်လုပ်"

တကယ်လုပ်သူက တိတ်တိတ်..ဆိတ်ဆိတ်..

"ဝ မရှိပဲ ၊ဝိလုပ်...လုပ်...လုပ်....လုပ်..။


နန်းယမင်းဝေ

Friday 18 November 2011

မှန်မှန်ပြောမယ် မနာနဲ့



အမှန်ကို အမှန်တိုင်း မမြင်တတ်ပဲ
မြင်ချင်သလို မြင်နေတဲ့ မင်းတို့တွေရဲ့ မျက်စီ
အမှန်ကို အမှန်တိုင်း မကြားတတ်ပဲ
ကြားချင်သလို ကြားနေတဲ့ မင်းတို့တွေရဲ့ နား
အမှန်ကို အမှန်တိုင်း မပြောတတ်ပဲ
ပြောချင်သလို ပြောနေတဲ့ မင်းတို့တွေရဲ့ ပါးစပ်
အမှန်တရားကို အမှန်တရားတိုင်း လက်မခံတတ်ပဲ
အုပ်စုလိုက် ကာကွယ်နေတဲ့ မင်းတို့တွေရဲ့ စိတ်ဓာတ်
အမှန်လမ်းကို အမှန်တိုင်း ရွေးမလျှောက်တတ်ပဲ
လျှောက်ချင်သလို လျှောက်နေတဲ့ မင်းတို့တွေရဲ့ ခြေလှမ်း
ပြောချင်သလိုပြော လုပ်ချင်သလို လုပ်နေတဲ့ မင်းတို့တွေရဲ့ ဆန္ဒ။

မင်းတို့တွေရဲ့ ရင်ထဲမှာ
ဖြစ်ပေါ်လာတဲ့ အမျိုးသားရေး
အရေအသွေးမရှိပါ
အမျိုးသားရေးဆိုတာ
နာကြီးခံစားမှုလဲမသိဘူး။

ကရင်ဆိုတဲ့ နာမည်တလုံးနဲ့
ကရင်အမျိုးသား သီချင်းကိုဆို
ဒေါင်းယောင်ဆောင်သော ကျီး
ငါ့ဝမ်းဝရင်ပြီးရောဆိုပြီး
ကြေးစား အမျိုးသားရေးဝင်လုပ်။

မင်းတို့တွေ ဘာပဲလုပ်လုပ်
နေရာမက် နာမည်လိုချင်လို့
လုပ်တယ်ဆိုရင်တော့
လုပ်ရပ်မှန်ပေမယ့်
စေတနာမမှန်တဲ့ အတွက်ကြောင့်
ကိုယ့်လူမျိုးအပေါ်
မဖြူစင် မရိုးသားမှုတွေက တိုးပွား
လိမ်ညာ ကောက်ကျစ်တာ အမြဲပါ။

မင်းတို့တွေ ကြားဖူးမှာပဲ
အိမ်ထောင်ပြု ဆေးမှင်စုတ်ထိုး
အိမ်ထောင်ဖက် ရွေးမှားရင် တစ်ဘဝ
အမျိုးသားရေးမှာ ရွေးလမ်းမှားရင်တော့
မင်းတို့ ငါတို့ရဲ့ သားစဉ်မြေးဆက်
ဆိုးမွေဆက်ခံရမှာ သေချာတယ်။

နန်းယမင်းဝေ

Wednesday 16 November 2011

ဘဝရှိုက်သံ



လူ့ဘဝကိုဖြတ်သန်းကျင်လည်တဲ့ နေရာမှာ

တချို့ တချို့ တချို့သော မိန်းကလေးတွေဟာ

ဆင်းရဲနွမ်းပါးမှုဒဏ်ကိုခံနိုင်ရည်စွမ်းမရှိလို့

သူတို့ဘဝနဲ့ ရင်းပြီး ငွေရှာသူကရှာ

ဖောက်ပြန်ပျက်စီးသူကပျက်စီးကြ။


နိုင်ငံတော်အစိုးရဝန်ထမ်းတွေ ဘဝမှာလည်း

တချို့ တချို့ တချို့သော ဝန်ထမ်းတွေဟာ

ရတဲ့လစာလေးနဲ့ စားမလောက်ကြလို့

သူတို့ရဲ့ဂုဏ်သိက္ခာကို ငွေနဲ့လှဲသူကလှဲ

ထောင်နန်းစံသူကစံ။


လူ့ဘဝကိုဖြတ်သန်းလှုပ်ရှားတဲ့ နေရာမှာ

တချို့ တချို့ တချို့သော ယောကျာင်္းတွေဟာ

ချမ်းသာကြီးပွားမှုဒဏ်ကို ခံနိုင်ရည်စွမ်းမရှိလို့

သား မယားမသိဖောက်ပြန်ပျက်စီးသူကပျက်စီး


တော်လှန်ရေးသမားတွေ ဘဝမှာလည်း

တချို့ တချို့ တချို့သော တော်လှန်ရေးသမားတွေဟာ

နှစ်ပေါင်းများစွာ တောထဲတောင်ထဲမှာ...နေ

သူတို့ရဲ့အသက်နဲ့ဘဝကို ရင်းပြီး

ကိုယ့်လူမျိုးကိုယ့်ပြည်နယ် လွတ်မြောက်ဖို့အတွက်

တိုက်ပွဲဝင်ဆင်နွဲ့နေတာ ဂုဏ်ယူမဆုံး။


ကိုယ့်ပြည်နယ် ကိုယ့်လူမျိုးတိုးတက်ငြိမ်းချမ်းဖို့အတွက်

ငြိမ်းချမ်းရေးလုပ်တဲ့ အဖွဲ့တွေ ရေတွက်လို့မနိုင်

ဘယ်လောက်များလုပ်ပေးပြီလဲ ? ဘယ်လောက်များတိုးတက်နေပြီလဲ?

ကရင်ပြည်နယ်နဲ့ ကရင်လူမျိုးတွေတိုးတက်ငြိမ်းချမ်းဖို့မပြောနဲ့

မင်းတို့တွေရောက်လာမှ ငါ့တို့ကရင်ပြည်သူတွေ

ပိုဒုက္ခရောက် ပိုကြောက်နေရ

ငြိမ်းတစ်ဖွဲ့လောက်ပဲ တိုးတက်ချမ်းသာတာတွေ့ပါတယ်

မင်းတို့သိပ်ချစ်တဲ့ ပြည်သူအခုဘယ်မှာလဲ? ဘယ်မှာလဲအမျိုးသားအရေး?

မင်းတို့ရဲဘော်တွေကို အစိုးရဖမ်းပြီး သတ်လိုက်တာ ဘာများလုပ်ပေးနိုင်လဲ ?

ငြိမ်းချမ်းရေးခေါင်းစဉ်တတ် ထိုဗိုလ်ချုပ်ကိုကပ် ဒီဗိုလ်ချုပ်ကိုဖား

သခင်အားရမှ ကျွန်ဝမ်းဝမယ့်

ငြိမ်းချမ်းရေး မလိုဘူး…မလိုဘူး…မလိုဘူး…။


နန်းယမင်းဝေ

Saturday 12 November 2011

ပေးဆပ်သူတို့ စေတနာ


ဘာပဲ လုပ်လုပ်..
ဘယ်လို နေနေ..
တစ်ဖတ်ကန်းတွေအမြင်တွတ်..
တစ်ဖတ်ပဲ ရောက်ရောက်သွားတာ အံပါရဲ့လေ..။

ကိုယ့်ကိုယ်ကိုတော့..
လူကောင်းပဲ..
ကိုယ့်ခေါင်းတွေ..
ဟောင်းလောင်းဖြစ်နေတာမသိတဲ့ လူတွေ။

ကိုယ့်ကိုယ်ကိုတော့..
သူရဲကောင်းပဲ..
ပုဆိုးခေါင်းထဲက လတ်သီးဆုပ်ပြတဲ့ လူတွေ..။

ကိုယ့်ကိုယ်ကိုတော့..
မျှတသူပဲ ..
ကိုယ့်အတ္တတွေ အစွန်းရောက်နေတာတော့
မသိတဲ့လူတွေ..။

အမှန်လုပ်လို့ အမှန်မမြင်...
ငြိမ်းချမ်းခြင်းဖျက်ဆီးသူတွေလို့..
စွပ်စွဲခံရချည့်ရဲ့...
အမှန်စစ်ဆို အသံဟစ်ဖို့မှ
မလိုတာ...
ကိုယ့်လက်နက်ကိုယ်ကိုင်..
သူမမှန်ရင်ပြန်ချ...
ဒါ သဘာဝပဲ။

ငါ့တို့ခေါင်းမှာ...
ငါ့တို့ အမျိုးရှိတယ်..
ငါ့တို့ သွေးမှာ ကရင့်သွေးရှိတယ်..

အသက်ချွေးသွေး..
စတေးသူတွေမှ အားမနာ...
သူတစ်လူငါတစ်မင်း...
သူတစ်ဖတ်ငါတစ်ဖတ်နဲ့..
သူပိုး ငါ့စကော....
သူ့စကား ငါ့စကား...
သူ့တရား ငါ့တရား... သူ့ဘာသာ ငါ့ဘာသာနဲ့
ဘာ..ဘာ..ဘာ..ဘာတွေပါးစပ်ပိတ်..
လက်တွေ့ ပေးဆပ်သူတို့..
ဘဝစာနာ....
ငတ်.သေ..ပျက်..ကွဲ..မခွဲနဲ့...
ပျော်လို့ တိုက်ခြင်းမဟုတ်...
ပျင်းလို့ ခိုက်ခြင်းမဟုတ်....
ငြိမ်းချမ်းမူ့ပျက်သုဉ်းစေခြင်းတွတ်မဟုတ်..
နောက်လိုက်ဆိုတာ...
နောက်လိုက်အတွေးပဲရှိတယ်..


နန်းယမင်း

Sunday 6 November 2011

စိန်ခေါ်မယ်

ကိုယ်ထင်တာ ကိုယ်လုပ်..

ကိုယ်လုပ်မှ အမှန်ထင်..

ဒီလူတွေနဲ့မှ့...ခတ်ပါ့..။

ဟားတိုက်လို့ ၇ယ်လိုက်ချင်...

မှန်တာပြောတော့ မခံချင်...

တီ ကို ဆားပတ်သလို...

အမှန်တ၇ားဆို ဒင်းတို့ မနာလို..

အဖျားေ၇ာက်လို့အစွန်းထွတ်..

အသိ..အသိ တစ်စတ်လောက်တောင်

မ၇ှိတဲ့ ခေါင်း..

ဒီခေါင်းမှာ အ၇ှိအကြောင်းတွေပြောလည်း..

နားမလည်နိုင်.. . ..ခတ်ပါ့...။

နားမလည်၇င် နားလည်အောင်ပြောမယ်..

ငါ့ စေတနာထဲမှာ..

နာမည်တွတ်မပါဘူး..

ငါနင်းမယ့်လမ်းမှာ..

ဂုဏ်သတင်းတွတ် မဟုတ်ဘူး..

ငါ မတ်တဲ့အိမ်မတ်ဟာ

စိတ်ကူးသတ်သတ် မဟုတ်ဘူး..

ငါယုံကြည်လို့ ငါ၇ဲတာ..

ဒင်းတို့ တစ်ခါဖျတ်..

ငါ ဆယ်ခါဆတ်လိုက်မယ်...

ဟိန်းဟောတ်လို့ ခြေဆုတ်..

သားကောင်ငယ်လုပ်သလိုတော့

နောက်မဆုတ်ဘူး...

ကျားနာတစ်ကောင်လို..

မာန်ခဲ.......

ဒါ...အမှန်ပဲဆိုတာ

သတ်သေပြမယ်..။

အစွန်းရောက်မျိုးချစ်မျက်ကန်း





တစ်ဖက်ကန်းတဲ့ မျက်လုံး..
တစ်ဖက်ပဲ မြင်တဲ့ အကြည့်..
ကိုယ့် ဘို့ကိုကြည့်....
ဘယ်သူ သေသေ..ငတေမာ၇င် ပြီးေ၇ာ..
ကိုယ်လုပ်မှ အမှန်
ကိုယ်မြင်မှ အမှန်...
ကိုယ်သိမှ အတတ်..
ဇွတ်အတင်း အမှောင်သွင်း...
ေ၇ှး၇ိုးမူအစွဲ..လူငနဲကများ..လူမျိုးအတွတ်တဲ့..
အသံကောင်းဟစ်လို့..
အိမ်ကြက်ချင်း ခွပ်ရဲ့တဲ့အစွမ်း..
အံ့မခမ်းပါရဲ့...။

မိန်းမသားကို စိန်ခေါ်..
မိန်းမသားကို ပုတ်ခတ်..
မိန်းမသားကို ခြိမ်းခြောက်..
သူလို ယောက်ျား သတ္တိကောင်းပါရဲ့...
၇ှင့် ဘိုး..၇ှင့်အနွယ်...ပြန်စစ်
မြင့်မြတ်တဲ့ နှလုံး..
၇ှင့်တို့ ပုခုံးမှာ ထမ်းထားဖူးသလား...
နွားအနား စောင်းတီး..
တီးပြ၇တာ လက်ညောင်းတယ်...။

လာမနှောက်နဲ့..
လာ မ၇ူတ်နဲ့..
ငါ ယုံကြည်၇ာ ငါလှမ်း..
စည်းလုံးခြင်းမ၇ှိတဲ့ လက်လည်း..
ငါမဆုတ်ဘူး..။
ဘယ်သူ မြူဆွယ်လို့ မဟုတ်ဘူး..
ဘယ်သူ ဆွဲဆောင်လို့ မဟုတ်ဘူး..
ငါ့စေတနာနဲ့ငါ..
ဒီလမ်းကို လှမ်းခဲ့တာ...
အသိမှတ် မပြုချင်နေ...
အသိမှတ်ပြုခံလိုခြင်းတွတ် မဟုတ်..
အဖိခံဘဝတွေရဲ့..အသိအမှန်ကို
ပြချင်၇ုံသက်သက်...
အသံကောင်းံဟစ်ဖို့တွတ် မဟုတ်ဘူး..။

"ပတ္တမြားမှန် နွံမနစ်"
ငါ့စေတနာတွေ..နွံမနစ်စေဘူး...
အေးချမ်းခြင်းဘဝကို စွန့်လို့..
ချစ်သူလေးကိုပြစ်ပြီး
ဘဝ၇ည်၇ွယ်ချတ်တွေ ပျောက်လို့...
ခါးသီးမူ့ကိုေ၇ွးလို့နေခဲ့၇တာ..
တကယ်တော့..
ငါ့မှာ နှလုံးသား ဒဏ်ရာတေးသွားနဲ့
ညမှာ အိပ်မပျော်ခဲ့တာ ...
လူမျိုးအေ၇းကို ..
ငါ့အေ၇းတွေထတ် စတေးခဲ့တာ..
တုန့်ပြန်ခြင်း၇လဒ်က ဒါပဲလား...။


ကိုယ့်အသိနဲ့ ကိုယ့်အရှိတိုင်းနေမယ်..
ကိုယ့်အ၇ပ်နဲ့ မမှီချင်နေ...
ကိုယ့်ယုံကြည်၇ာတော့..မစွန့်လွှတ်ဘူး..။
ကိုယ့်စေတနာနဲ့ ကိုယ့်စိတ်
ကိုယ်ရှင်းဖို့သာ ပဓာဏ..
သဟဇာတ မျှတအောင်တော့ နင်တို့နေ.....
ငါ့စေတနာကို နွံနစ်လို့ ဆွဲမသတ်နဲ့..
သူ့အသက်က..
နင်တို့ထတ် ပြင်းတယ်..ဆိုတာ
မှတ်သွားလိုက်ပါကွယ်၇ို့....။


နန်းယမင်း

Wednesday 2 November 2011

မေးပါရစေ



မေးပါ၇စေ.
.
မြေနှိပ့်ရာ လှံစိုက်ချင်သူတွေလက်မှာ..
ကယ်တင်ခြင်းဆိုတာ..
တကယ်ရှိပါ့မလား...။
အားငယ်သူကို မဖေးကူ..
စာနာမူ့နဲ့ မကမ်းတဲ့လက်တွေကိုမှ
ကျမက လိုချင်သတဲ့...
ဒါဟာ အမှားတစ်ခုကို..
ကျူးလွန်ရာေ၇ာက်သလား..

ကိုယ် တတ်ထားတဲ့
ဘာသာစကားနဲ့...
ကိုယ်မြတ်နိုးတဲ့ စာ၇ွှတ်ပေါ်
လွတ်လပ်ခြင်းငတ်မွတ်မူ့တစ်ချို့  ချေ၇းမိခြင်းဟာ...
အနုပညာမမြှောက်လို့လား...
အမှားတစ်ချို့ အတွတ် တရားတစ်ချို့ ကိုပဲ
လွှင့်ပစ်၇တော့မလိုလို...။

လိုရင်းက ဘာလည်း..
မတွေးတတ်တဲ့ခေါင်းတွေမှာ..
သူတို့ မြင်တတ်ဖို့...
ကိုယ့်အိမ်မက်တွေကိုပဲ..
ခူးဆွတ်ပေး၇တော့ မလိုလိုပါပဲ...။
မေးလိုက်ပါရစေ..

စာတတ်သူတို့ရဲ့ နူတ်ကပတ်မှာ..
အသိတရားတို့ ကိန်းဝင်ရာအ၇ပ်
ဖြစ်လို့လား....
အုတ်တစ်ချတ်သဲတစ်ပွင့်နဲ့
နိုင်ရာဝန်ထမ်းပါရစေဆိုကာမှ..
နင်က ဘာဘာညာညာဆိုပြီး..
ခွဲခြားသတဲ့လေ...
ရီချင်တယ် ကြည်ခင်၇ယ်..လို့ပဲ..
ပြောလိုက်ချင်တော့တယ်..။
ပြောတာတော့ အများတွက်.
အများကြီးတော့ အမြင်မကျယ်..
အများတွက်တော့ ရင်လေးပါရဲ့လေ..။

ပတ္တမြားမှန် နွံမနစ်..ဆိုလည်း..
နွံညစ် သွားတဲ့ ပတ္တမြား..
စေတနာတွေဟာ အလကား ဖြစ်ရတယ်..
ကိုယ့်စကားမှန်ရင်..
ကိုယ့်တရားမှန်ရင်..
ကိုယ့်စေတနာ မှန်၇င်..
ကိုယ့်လုပ်ရပ်မှန်ရင်..
ကိုယ့်အနားမှာ ဘယ်သူမှ မရှိရင်နေပါစေ..
ကိုယ့်တရားတွေတော့..
လွယ်လွယ်နဲ့ လွှင့်မပစ်ဘူး...။

နှမ်းတစ်စေ့နဲ့သာ..
ဆီဖြစ်မယ်ဆို..အပင်ပန်းခံ
ငါ့နှမ်းတွေတော့ မစိုက်တော့ဘူး..
ကိုယ်မှန်တယ်ထင်၇ုံနဲ့..
မပုတ်ခတ်နဲ့..
ကိုယ်လုပ်ခဲ့တာနဲ့
ကိုယ်လုပ်ရပ် ပြန်ကာလှည့်လို့ကြည့်..
ကိုယ်လုပ်ခဲ့တာတွေပဲ..
အမှန်တွေလို့ ထင်လား...။

မေးပါရစေ....



နန်းယမင်း

လူကြီးမင်းတို့ ပေါ်လစီ


လူ့လောကတခေါက်

အလည်ရောက်

တွေ့ကြုံရတဲ့

နိုင်ငံရေးသမားတွေ

ပြည်သူတွေကို

စည်းရုံးခါတော့

အသဲထဲက မဲတပြားအတွက်

ဒီမိုကရေစီတိုက်ပွဲဝင်ကြ

ဒီကနေ့တိုင်

ပြည်သူတို့ရဲ့ နားထဲမှာ

ကြွေးကြော်သံတွေ

ပဲ့သံထပ်ကာ ကြားယောင်နေဆဲ။


ပါတီအဖွဲ့အစည်းမှာ

လူကြီးလည်းဖြစ်လာ

အုပ်ချုပ်ခါတော့

အာဏာရှင်စနှစ်

ဦးစားပေးကျင့်သုံးတဲ့ လူကြီး

အခုတော့ ဒီမိုကရေစီ

ဝေးလေ ဝေးလေ...။


ပြောတော့ ပြည်သူအတွက် ကိုယ်ကျိုးစွန့်

လုပ်တော့ ကိုယ့်အတွက်

ဒီလို လူကြီးတွေ တိုင်းပြည်ကို အုပ်ချုပ်နေသမျှ ကာလပတ်လုံး

တို့ပြည်သူတွေ စစ်ဖိနှိပ်မှုအောက်က

လွတ်မြောက်တော့မှာမဟုတ်ဘူး။


နန်းယမင်း

ကရင်တော်လှန်ရေးကို လမ်းလွဲသူ




ရန်ငါမပြတ်လို့
ကရင်ပြည်တော်မှာ
ကရင်လူထုတွေ သွေးမြေခခဲ့တာ
ရန်ငါမပြတ်သူ ငြိမ်းခေါင်းဆောင်ဆိုသူတွေရဲ့ စိတ်ထားမျိုးတွေကြောင့်လား
ငြိမ်းခေါင်းဆောင်တွေ အသင်အပြကလည်း
ပြည်တွင်းနေ ရွှေကရင်တွေကို
နအဖ အစိုးရကို မတော်လှန်ကြဖို့
နအဖ အစိုးရကို ထောက်ခံကြဖို့
နယ်ခြားစောင့်တပ်ကို လက်ခံကြဖို့
ကရင်တော်လှန်ရေးကိုရှောင် နိုင်ငံတော်ရေးကိုသာဆောင်ကြပါလို့
လမ်းလွဲပေးတဲ့ သူတို့ရေ...

သြော်...အမျိုးဘာသာ သာသနာတော်ကြီးကို
ရာဇဝင်စာတမ်းဖတ်ကာ
နအဖ အစိုးရကို ဖားရုံမျှနဲ့
ကိုယ့်အမျိုးသားရေး ကာကွယ်ထိန်းသိမ်းနိုင်ပါ့မလား

ရန်ငါမပြတ်တဲ့ ငြိမ်းခေါင်းဆောင် အထွတ်အမြတ်တို့ရေ...
စောဘဦးကြီးကဲ့သို့ ကိုယ့်အမျိုးသားရေးအကျိုးဆောင်မဲ့
ကောသူးလေး ရွှေကရင်တွေရဲ့ အာဇာနည်စိတ်ဓာတ်မျိုးကိုတော့
မရိုက်ချိုးကြဖို့ မေတ္တာစိတ်ထားနဲ့ သတိပေးလိုက်ပါရစေ။......

နန်းယမင်းဝေ

ညီနောင်တို့ရယ် သွေးစည်းကြမယ်ကွယ်

ငါတို့တွေ မှန်တာလုပ်တယ်
ဟုတ်တာပဲ ပြောတတ်တယ်
ငါတို့ရဲ့ အလုပ်တွေအပြောတွေက
ဘာကြောင့်မို့ကွယ် အရာမထင်တယ်
မဟုတ်တာတွေပဲ လုပ်တယ်
အမှားတွေကိုပဲ ပြောတတ်ကြတယ်
မဟုတ်တာလုပ် အမှားတွေပဲပြောတဲ့
သူတို့ရဲ့ ၀ါဒီဆိုး အုပ်ချုပ်မှူ့က
ဆင့်မြင့်မှာ နေရာယူတယ်..
အဟုတ်အမှန်လုပ်နေတဲ့ ငါတို့တွေကျတော့
ဖိနှိပ်ချုပ်ခြယ် ညင်းပန်းနှိပ်စက်ခံနေရတယ်
ငါတို့ရဲ့အလုပ်တွေ အပြောတွေ
နေရာရဖို့ ငါတို့တွေတာဝန်သိရမယ်
လာကြကွယ် သူငယ်ချင်းတို့ရယ်
ငါတို့ရဲ့ ကရင်လူမျိုးတွေ ငြိမ်းချမ်းဖို့
ဖြူစင်လက် အတူယဉ်တွဲပြီး
ငါတို့ရဲ့ဘ၀တွေ လှူလိုက်ကြမယ်
တွေးကြောက်မနေနဲ့ သူငယ်ချင်းတို့ရယ်
လူဆိုတာနှစ်ခါမသေတတ်ဘူး
ငါတို့ရဲ့ လူမျိုးတွေအတွက် အသက်ပဲစတေးရကွယ်
လာလေတက် ယုံကြည်ချက်အပြည်တွေနဲ့
ငါတို့ရဲ့ ကရင်ပြည်ကြီးငြိမ်းချမ်းရဖို့
တိုက်ပွဲဝင် ခရီးဆက်ကြမယ်
ဇွဲတော့ မလျော့လိုက်နဲ့ နောင်ဘွားတို့ရယ်
ကရင်သွေးနီးတယ်ဆိုတာပြဖို့
ငါတို့တွေ ခံနိုင်ရည်ရှိနေရမယ်
ကြိုးစားကြကွယ် ငါတို့ရဲ့လက်တစ်ကမ်းမှာ
ပန်းတိုင်ကိုရောက်တော့မယ်
ငါတို့ရဲ့ပန်းတိုင်ဆိုတာ ငြိမ်းချမ်းမှူ့တွေရှိတယ်
လွတ်လပ်မှူ့တွေ သိရမယ်
ငါတို့ရဲ့ ငြိမ်းချမ်းလွတ်လပ်တဲ့ ဒီမိုကရေစီ
ငါတို့ရဲ့နယ်မြေမှာထွန်းတောက်ဖို့
တို့ကရင် တိုင်းရင်းသားအားလုံး
သွေးစည်ညီညွတ်ပါစို့။

နန်းယမင်း

အညစ်သွေးတွေဆေးပေးလိုက်ပါ



ဟားဟား.........

စာချိုးကတစ်ကယ်ကိုလှ

ရုရှားကိုကိုတွေအတွက်တော့

ခုလုစရာပ

အထာမကျတာက…….ဒီလို

အကောင့်တွေ ၃ ၄မျိုးနဲ့

ဖောက်ချက်ကလဲ တတ်သေး

ရောက်ရက်ခတ်အောင်လဲကျူတတ်

တစ်ချို့တစ်လေတွေရယ်ကြောင့်

တစ်လှေလုံးပုပ်ကုန်ပေမယ့်

ကောင်းသူတစ်ချို့အတွက်တော့ စာနာ

မယုံရဲ့တာသူတို့အပြစ်မဟုတ်

ကျုပ်တို့ ပေးဆပ်နေတဲ့

အခွန်ထုတ်တစ်ချို့က

ယမက်တက် သူတို့လက်မှာ

ဘော်ကာပုလင်းဖြစ်ဖို့အတွက်

အဆူအငေါက်ကလဲခံရ

တန်းစီပြီးစောင့် ရတလဲ အလုပ်ပျက်

မ၀င့်မရဲ့နဲ့ မျက်နှာလေးမဲ့နေခဲ့ရ

ဒီလူတွေအဖြစ် ဘဝ

မင့်တို့ ကိုယ်ချင်းစာမိကြရဲ့လား ။ ။ ။



ကိုယ်ပိုင်အစွမ်းအစနဲ့

ကိုယ်ပိုင်လမ်းကိုခင်နိုင်ရဲ့လားစစ်ဆေး

အဟောင်ကောင်းတဲ့ခွေးမို့

လက်သတ်မွေးထားတာသိ

မြန်မာဆိုတဲ့ သတ္တိနဲု့

ကမ္ဘာကိုရှင်ဖို့ ကြိုးစားကြည့်တာဂုဏ်ယူ

အမျိုးတူကိုမနှောက်ရှက်နဲ့

ဖောက်ဖျက်တဲ့မင့်တို့သွေး

တစ်နေ့မှာခေါင်းငုံပေးရမယ်ဆိုတာသိရဲ့လား ။ ။ ။

ကိုယ်ပိုင်အ၇ည်အချင်းမရှိ

တိုင်းပြည်ကပေးတဲ့ အသိနဲ့ မှတင့်တယ်

ဂုဏ်မြင်တယ်မထင်လေနဲ့

မင့်တို့ တစ်နှစ်စာငွေထုတ်က

ငါ့ တို့ ချွေးနဲစာထဲ့က ဖြတ် ထုတ် ထားတာသိရဲ့လား ။ ။ ။

ရိုးသားစွားကြိုးစားနေသူတွေအတွက်

ငါတို့ ပေးဆပ်ရကြိုးလက်ခံတယ်

ကိုယ်လူမျိုးကိုပြန် နှက်

သခင်မှန်းမသိတဲ့ သူတွေအတွက်တော့

တိုင်ပြည်မြေလေး

ပုတ္ခ၀တာမိုးရေ

အညစ်သွေးတွေဆေးပေးလိုက်ပါ တော့

ကွက်ကြားရွာသွန်းပေးရမှာမင့် သိပါ စေ….. ။ ။ ။


နန်းယမင်း

ကော်သူလေးသို့


မဟာလူမျိုးကြီးလက်အောက်က

ကရင်လူမျိုးနဲ့ ကရင်ပြည်

လွတ်မြောက်ဖို့အတွက်

ကော်သူလေးတို့ လက်နက်ကိုင်

တော်လှန်တိုက်ပွဲဆင်နွဲ့လာခဲ့တာ

နှစ်ပေါင်း(၆၀)ကျော်ကြာခဲ့ပြီ

တော်လှန်ရေး အပြောင်းအလဲ

တမျိုးတဖုံ မထူးခြားသော်လည်း

ကော်သူလေးရေ စိတ်ဓာတ်မကျနဲ့

(KNU)မှာ မျိုးချစ်သူရဲကောင်းတွေ

အများကြီးမွေးထုတ်နိုင်ပါတယ်။

အို ကော်သူလေးရေ

နှစ်တွေလည်းဟောင်း

ခေတ်တွေပြောင်း

ကိုယ့်လူမျိုးအတွက်

ဘဝနဲ့ အသက်ကိုရင်း

ဇွဲလုံ့သတ္တိ ဝိရိယနှစ်ဆတိုး

နှစ်ပေါင်း(၆၀)ကျော်

တော်လှန်တိုက်ပွဲဆင်နွဲ့ခဲ့တာ

ဒဏ္ဏာရီမဟုတ်ဘူး။

မဟာလူမျိုးကြီးထံ

လက်မြောက်ဒူးထောက်

အရှုံးပေးသွားရင်

အမျိုးသား သစ္စာဖေါက်ဖြစ်မှာပေါ့

ရာဇဝင်သမိုင်းမှာ စာတင်မခံနဲ့

ကော်သူလေးရေ။

ခေတ်သစ် စနစ်သစ်မှာ

စိတ်သစ်ကိုယ်သစ် အတွေးသစ်နဲ့

သွေးရင်းညီအစ်ကို ကရင်ညီနောင်များကို

ကော်သူလေးတို့

လက်တွဲဆွဲခေါ် ထကြွညီတူ

တော်လှန်တိုက်ပွဲ ဇွဲမလျှော့ပဲ

အောင်ပွဲ ရအောင်တိုက်ကြမယ်။

နန်းယမင်း

ညီညွတ်ကြစို့



မင်းကစကော

ငါကပိုး

အမျိုးဘာသာ

သာသနာမှာ

ဗုဒ္ဓ ခရစ်ယာန်

ခွဲစရာမလိုဘူး။

ငါကဒီမြေ

သူကထိုအရပ်

မင်းကထိုမြို့

မခိုင်စိတ်ဓါတ်

ကွဲပြားနေရင်

ဟင်္သာကိုးသောင်းလို့

အစားခံရတော့မယ်။

အတိတ်က အမှားတွေကို

ိုအစမဖေါ်နဲ့တော့

လက်ရှိအနေအထားကို

အကောင်းဆုံးဖြစ်အောင်လုပ်။

ဆုတ်လည်းဆူး စားလည်းရူး

မထူးဇာက်ကိုခင်းလို့

သေရမဲ့အတူတူ

တုံးတိုက်တိုက် ကျားကိုက်ကိုက်

လက်သီးလက်မောင်းတန်းလို့

ကရင်ညီနောင်များ

တိုက်ပွဲဝင်ကြပါစို့။

ကရင့်သွေးဟေ့


အားစု အင်စိုက် တိုက်ခိုက်တော်လှန်

စစ်အာဏာရှင်ရန်မှ ဝေးလံလွတ်ကင်း

အမှောင်တွင်းမှ ရှင်းရှင်းထွက်ရန်

တူတွန်းလှန်မည် ကရင်သွေးဟေ့ ရဲကြမည်။

အာဏာမလို ထက်ကိုမမှန်း

မငမ်းခွင့်ရေး မတွေးစည်းစိမ်

နှလုံးအိမ်တွင် ကြိမ်ကြိမ်စဉ်းစား

လွတ်လပ်သွားရေး

ဓားကျိုး ဒုတ်ရိုက် တိုက်ခိုက်ကြမည်

ကရင်သတ္တိ ကမ္ဘာသိစေ…………။

ပြည်နယ်တိုင်ဖွား ကရင်များတို့

ကွဲပြားမရှိ မြင်လို၏……….။

နတ္ထိဝမ်းစာ စုပ်ချာအိုးအိမ်

ရောင်မှိန်အ၀တ် ငတ်မွတ်ခေါင်းပါး

ပြည်နယ်ပြည်သား ကရင်များကို

လွတ်လပ်တောင့်တ တွေ့လိုလှ၍

နှင်းအပ်ခန္ဓာ ပေးဆပ်ပါမည်

သက်ကြွေသွားလည်း ဂရုမပြု

သက်သေထုတည် ကရင်သွေးမို့ရဲကြသည်။

နန်းယမင်း

စည်းလုံးခြင်းမှ အောင်ပွဲဆီသို့



ဒို့..တိုင်းရင်းသား ကရင်များတို့

ငါ ဒို့..အမျိုးမှန် အဖိုးတန်သည်ကို

ငါတို့ သက်သေပြရတော့မည်

ငါတို့ လူမျိုး...အဖိနှိပ်ခံဘဝ

မလွဲဧကန် လွတ်မြောက်စေဖို့

ငါတို့ သွေးစည်းကြရတော့မည်

ငါတို့တွေသည်...မှန်ကန်စိတ်ထား

ရှိသော်ငြားလဲ...မဟုတ်မခံ..

ကရင့်မာန်ကို....ခုတုံးသုံးကာ

ချောက်တွန်းချခဲ့သည်.....

တစ်မျိုးသာလုံး အသိပင်

ငါတို့ရဲ့ အမှောင်ည

အလင်းတန်းတွေ ဝေဖြာစေဖို့

ငါတို့ရဲ့လူမျိုးတွေ

အသက်..သွေး ချွေးများနှင့်

စတေးခဲ့ကြသည်မှာ ငါတို့အသိပင်

ငါတို့တွေရဲ့ အနာဂါတ်.

ငြိမ်းချမ်းလှပစေဖို့

.ငါတို့တိုင်းရင်းသားတွေ

သွေးစည်းညီညွတ်ချိန်...ရောက်နေပြီမို့

ငါတိုရဲ့ မျော်လင့်ချက်တွေ

မြေ၀ယ်မခ စေဖို့ လုံ့လ ဝိရိယနဲ့

သက်သေပြ ကြိုးစားရဖို့

ငါတို့ရဲ့ ယုံကြည်ချက်.

ရောင်နီချိန် ..သန်းလာပြီိမို့

ငါတို့ တိုင်းရင်းသားတိုင်း

တာဝန်နဲ့ အသိရှိရတော့မယ်

ငါတိုရဲ့ စည်းလုံးမူ့နဲ့

ငြိမ်းချမ်းတဲ့...ဘ၀တွေကို

တည်ဆောက်နိုင်ဖို

အမိ ဇွဲကပင်..တောင်တော်ကြီးက

အပြုံးတွေနဲ့ ဆီးကြိုနေပြီ

ငါတို့ရဲ့.. ဖားစည်သံ

မြန်ပြည်တခွင် မြည်ဟီးနိုင်ဖို့

ငါတို့အာလုံး သွေးစည်းညီညွတ်ကြပါစို့......

နန်းယမင်း

အဆုံးသတ်အောင်ပွဲ


အရိုးဆွေးသွားတဲ့

ငါတို့ဘိုးဘွားတွေကအစ

မတရားမှုကိုငုံမခံ

ဆန့်ကျင်ခဲ့တဲ့ တို့ကရင်

အိုးအိမ်တွေမဲ့ခဲ့

နေရာတွေပျောက်လည်း

စည်းစိမ်ဥစ္စာကိုမမက်

ဖိနှိပ်ခြင်းကိုသီးမခံ

ခေတ်အဆက်ဆက်က

တော်လှန်ခဲ့ပြီး တို့ကရင်

မင်းဒို့ခေတ် အာဏာစက်နဲ့

ညှင်းပန်းလို့နှိပ်စက်

ငါတို့လူမျိုးတွေကိုသတ်ဖြတ်

မင်းတို့လို အာဏာရူး ဝါဒီမျိုးကို

ဆန့်ကျင်တော်လှန်တိုက်ခိုက်ပြီး

ငါတို့ရဲ့လွတ်လပ်မှု

ဒီမိုကရေစီခေတ်

ရာစုသစ်ကို ရောက်သိအထိ

ကြိုးစားတော်လှန် တိုက်ခိုက်မဲ့

အဆုံးသတ်အောင်ပွဲဆီသို့.......

သွေးစည်းကြပါစို့။။။။။။။။။

နန်းယမင်း

'' ငြိမ်းချမ်းရေးအတွက် စွန့်လွှတ်မှု ''




ငါရောက်နေတဲ့ ဒီအရပ်

အကန့်အသတ် မဲ့တယ်မဟုတ်

ငါလိုချင်တောင့်တ နေခဲ့တာ

တရားမျှတတဲ့ ငြိမ်းချမ်းရေးပါ .. .. .. ..


ငါခိုနေတဲ့ ဒီတော

ငါကိုင်နေတဲ့ ဒီသေနတ်

ဒီကာလ အတွေ့အကြုံ ဖြစ်မျိုးစုံ

ငါမှတ်တမ်းမရှိခဲ့ပေမယ့်

ငါလျှောက်လှမ်းနေတဲ့ တော်လှန်ရေးဘဝ

ငါသိခဲ့ရပြီး .. .. .. ..


ငါရောက်နေတဲ့ ဒီတော ဒီတောင်

ဒီလျှိုချိုင့်ဝှမ်းမှာ ငါတို့သွေးချင်း ဒို့တိုင်းရင်းတွေ

ဟိုတစ်ယောက် ဒီတစ်ယောက်

ဟိုတစ်ပွင့် ဒီတစ်ပွင့်နဲ့ အသက်ပေါင်းများစွာ

ကြွေလွင့်ခဲ့ပြီး .. .. .. ..


ဒီမြေတောတောင်မှာပဲ

ငါတို့တိုင်းရင်းခေါင်းဆောင်တွေ ငြိမ်းချမ်းခြင်းရဖို့

တိုက်ပွဲဝင် အသက်ပေးစတေး ခဲ့ကြပေါ့

ငါတို့လူမျိုးတွေရဲ့ ဝိညာဉ်လှလှလေးတွေက

ငါ့ကိုတောင်းဆိုနေတယ် သူတို့တွေလိုချင်ခဲ့တာ

တရားမျှတတဲ့ လွတ်လပ်မှုတဲ့ .. .. .. ..

နန်းယမင်းဝေ

ခံယူချက်



နားယောင်ပါးယောင်
၊စကားလာမဖောင်မနေနဲ့
၊ငါတို့စေတနာ၊
ငါတို့ နှလုံးသားက ပြန်ကြားတတ်ဖို့လိုတယ်

။အမှန်တ၇ား ဆိုတာ
အေ၇ှ့ကထွက်ပြီး
အနောက်မှာ ကွယ်ဝင်သွားတဲ့
နေလုံးကြီးမှမဟုတ်တာ။

ဘယ်သူ မှားတယ်မပြောနဲ့၊
ဘယ်သူမှ့ မမှားဖို့လိုတယ်။
မင်းအိတ်ကပ်ကို မင်းပြန်ကြည့်၊

လွတ်လပ်မူ့
ဘယ်လောက်များများ ထည့်နိုင်ပြီလဲ
။ကိုယ်သခင် ပြန်ဟောင်တတ်တဲ့ ၊
ခွေးမျိုးတော့ ငါမမွေးချင်ဘူး။


နန်းယမင်းဝေ

တိုက်ဆိုင်မူရှိရင်ခွင့်လွတ်ပါ။

မေးပါရစေ



မေးပါ၇စေ.
.
မြေနှိပ့်ရာ လှံစိုက်ချင်သူတွေလက်မှာ..
ကယ်တင်ခြင်းဆိုတာ..
တကယ်ရှိပါ့မလား...။
အားငယ်သူကို မဖေးကူ..
စာနာမူ့နဲ့ မကမ်းတဲ့လက်တွေကိုမှ
ကျမက လိုချင်သတဲ့...
ဒါဟာ အမှားတစ်ခုကို..
ကျူးလွန်ရာေ၇ာက်သလား..

ကိုယ် တတ်ထားတဲ့
ဘာသာစကားနဲ့...
ကိုယ်မြတ်နိုးတဲ့ စာ၇ွှတ်ပေါ်
လွတ်လပ်ခြင်းငတ်မွတ်မူ့တစ်ချို့  ချေ၇းမိခြင်းဟာ...
အနုပညာမမြှောက်လို့လား...
အမှားတစ်ချို့ အတွတ် တရားတစ်ချို့ ကိုပဲ
လွှင့်ပစ်၇တော့မလိုလို...။

လိုရင်းက ဘာလည်း..
မတွေးတတ်တဲ့ခေါင်းတွေမှာ..
သူတို့ မြင်တတ်ဖို့...
ကိုယ့်အိမ်မက်တွေကိုပဲ..
ခူးဆွတ်ပေး၇တော့ မလိုလိုပါပဲ...။
မေးလိုက်ပါရစေ..

စာတတ်သူတို့ရဲ့ နူတ်ကပတ်မှာ..
အသိတရားတို့ ကိန်းဝင်ရာအ၇ပ်
ဖြစ်လို့လား....
အုတ်တစ်ချတ်သဲတစ်ပွင့်နဲ့
နိုင်ရာဝန်ထမ်းပါရစေဆိုကာမှ..
နင်က ဘာဘာညာညာဆိုပြီး..
ခွဲခြားသတဲ့လေ...
ရီချင်တယ် ကြည်ခင်၇ယ်..လို့ပဲ..
ပြောလိုက်ချင်တော့တယ်..။
ပြောတာတော့ အများတွက်.
အများကြီးတော့ အမြင်မကျယ်..
အများတွက်တော့ ရင်လေးပါရဲ့လေ..။

ပတ္တမြားမှန် နွံမနစ်..ဆိုလည်း..
နွံညစ် သွားတဲ့ ပတ္တမြား..
စေတနာတွေဟာ အလကား ဖြစ်ရတယ်..
ကိုယ့်စကားမှန်ရင်..
ကိုယ့်တရားမှန်ရင်..
ကိုယ့်စေတနာ မှန်၇င်..
ကိုယ့်လုပ်ရပ်မှန်ရင်..
ကိုယ့်အနားမှာ ဘယ်သူမှ မရှိရင်နေပါစေ..
ကိုယ့်တရားတွေတော့..
လွယ်လွယ်နဲ့ လွှင့်မပစ်ဘူး...။

နှမ်းတစ်စေ့နဲ့သာ..
ဆီဖြစ်မယ်ဆို..အပင်ပန်းခံ
ငါ့နှမ်းတွေတော့ မစိုက်တော့ဘူး..
ကိုယ်မှန်တယ်ထင်၇ုံနဲ့..
မပုတ်ခတ်နဲ့..
ကိုယ်လုပ်ခဲ့တာနဲ့
ကိုယ်လုပ်ရပ် ပြန်ကာလှည့်လို့ကြည့်..
ကိုယ်လုပ်ခဲ့တာတွေပဲ..
အမှန်တွေလို့ ထင်လား...။

မေးပါရစေ....



နန်းယမင်း

ဘဝကို အရှုံးပေးသွားတဲ့ သူငယ်ချင်းတယောက်အတွက် အမှတ်တရ ၂

အ၇ူံးဆိုတာ၇င်ဆိုင်၇တိုင်း..
ငါ လဲကျခဲ့၇င်..
ီဒီနေ့ ငါ ဆိုတာမ၇ှိတော့ဘူး...
မင်းကြည့်လိုက်စမ်းး
ငါနောက်မှာ..
ငါလျှောက်ခဲ့တဲ့ လမ်းမှာ....
ငါ ၇ိုက်ချိုးခဲ့တဲ့....
ဒုက္ခတွေ ...ဒုက္ခတွေ..
အလဲလဲအပြိုပြို....

သွေးတိုးစမ်းတိုင်း...
ငါ ကြောက်၇မယ်ဆို....
ငါဆိုတာ မွေးဖွားမလာဘူး..
မင်းကြည့်လိုက်စမ်း...
လျှောက်ခဲ့တဲ့ လမ်းမှာ..
အမှန်တ၇ားတွေပဲ...
မွေးဖွားခဲ့တာ..
မျှော်လင့်ချက်တွေပဲ..
နဲ့
ငါ၇ှင်သန်ခဲ့တာ..
ငါပျိုးထောင်ပြုစု..
ဖူးပွင့်လာတဲ့ပန်းတွေ..
မင်းတို့ မှ မမွေးကြူတတ်ခဲ့တာ..။

တစ်ဆိုတဲ့ ကိန်းဂဏန်းကို...
မြင်၇ုံနဲ့ငါ
အားငယ်တတ်ခဲ့မယ်ဆို...
ဟောဒီ သုည ထဲက...
ငါခွဲမထွက်ခဲ့ဘူး....


မင်းကြည့်လိုက်စမ်း..
ငါေ၇းခဲ့တဲ့...
စာမျက်နာတွေပေါ်မှာ..
ချစ်ခြင်းအပြည့်၇ှိတယ်..
ယုံကြည်မူ့အပြည့်၇ှိတယ်..
ခိုင်မာမူ့အပြည့်၇ှိတယ်..
...........................
ကဲ...
.....
လူဆိုတာ...
မျှောင်လင့်ချက်..
အနာဂတ်...အိမ်မတ်..
ယုံကြည်ချက်..နဲ့
ဖြတ်သန်းနေတာ...

မင်းယုံကြည်ချက်နဲ့..
မင်းမှန်သလို...
ငါ့ယုံကြည်ချက်နဲ့ငါ
အသက်၇ှင်သန်နေထိုင်နိုင်၇မယ်..
အတ္တကို ဘေးခဏချ...
သေးချားပြန်တွေး..
မင်း လုပ်တာမှန်သလို..
ငါလျှောက်နေတာလဲ...
လမ်းမှား မဟုတ်ဘူးဆိုတာ..
မင်း တွေးကြည့်ဖို့ကောင်းတယ်..။

သူငယ်ချင်းတို့ေ၇...
မေတ္တာတ၇ားမ၇ှိ၇င်
ငါတို့ ၇ပ်တည်မူ့က..
အလကားပဲလေ....။

နန်းယမင်း

စည်းလုံးခြင်းအားမာန်


ဒီမှာ
ငါတို့ယုံကြည်ချက်နဲံလျှောက်တဲ့လမ်းဟာ
ကြမ်းချင်ကြမ်းမယ်..သူငယ်ချင်း
မလှမ်းချင် လှမ်းချင်နဲ့တော့ မလုပ်နဲ့.
အလကားနေသက်သက်..
အပျော်မက်လို့ လုပ်နေတာမဟုတ်ဘူး..
တို့သွေးချင်း တို့မခွဲဖို့လိုတယ်..
တို့စကားမတူလည်း..
တို့လှမ်းတာချင်းတော့ တူစေကြ..
တို့ ဘာသာမတူလည်း..
တို့ ယုံကြည်၇ာတူစေကြ..
ဘယ်သူ ဘာစကားပြောပြော..
ဘယ်သူဘာကိုးကွယ်ကိုးကွယ်..
ဘယ်သူ ဘာဟင်းစားစား..
က၇င်မှန်၇င် ဇွဲကပင်လောက်တော့
ချစ်တတ်၇မယ်..။

ယုံကြည်၇င် ငါတို့
လက်တွေ ဆုတ်လိုက်..
သခင်ခြံတဝိုက်မှာ
က၇င်အလံပြန်စိုက်ဖို့ဆို..
စည်းလုံးချင်းတော့ လိုတယ်...။

မင်းကဘာ...?
ငါကဘာ..?
ဒီချိန်မှာ အေ၇းမကြီးဘူး..
သွေးစည်းမနေ၇င်..
ဘေးစည်းမှာ..မင်းသွား၇ပ်လိုက်..
အစွန်းမဖတ် လူမျိုးအတွတ်ဆို..
ငါ့သွေးငါဖောက်..
ငါသောက်လို့ပြမယ်..။

လာပါ..သူငယ်ချင်း...
ဖားစည်တီးလို့ အော်ဟီးလိုက်မယ်..
က၇င်မှန်၇င် ကြောက်သွေးမ၇ှိဘူး...ဝေ့..


နန်းယမင်း

စိန်ခေါ်မယ်

စိန်ခေါ်မယ်

ကိုယ်ထင်တာ ကိုယ်လုပ်..
ကိုယ်လုပ်မှ အမှန်ထင်..
ဒီလူတွေနဲ့မှ့...ခတ်ပါ့..။

ဟားတိုက်လို့ ၇ယ်လိုက်ချင်...
မှန်တာပြောတော့ မခံချင်...
တီ ကို ဆားပတ်သလို...
အမှန်တ၇ားဆို ဒင်းတို့ မနာလို..

အဖျားေ၇ာက်လို့အစွန်းထွက်
အသိ..အသိ တစ်စက်လောက်တောင်
မ၇ှိတဲ့ ခေါင်း..
ဒီခေါင်းမှာ အ၇ှိအကြောင်းတွေပြောလည်း..
နားမလည်နိုင်.. . ..ခတ်ပါ့...။

ငါ့ စေတနာထဲမှာ..
နာမည်တွက်မပါဘူး..
ငါနင်းမယ့်လမ်းမှာ..
ဂုဏ်သတင်းတွက် မဟုတ်ဘူး..

ငါ မက်တဲ့အိမ်မက်ဟာ
စိတ်ကူးသတ်သတ် မဟုတ်ဘူး..
ငါယုံကြည်လို့ ငါလျှောက်တာ.
ဒင်းတို့ တစ်ခါဖျက်..
ငါ ဆယ်ခါပြန်ဆောက်လိုက်မယ်...

ဟိန်းဟောက်လို့ ခြေဆုတ်..
သားကောင်ငယ်လိုတော့
နောက်မဆုတ်ဘူး...
ကျားနာတစ်ကောင်လို..
မာန်ခဲ.......
ဒါ...အမှန်ပဲဆိုတာ
သတ်သေပြမယ်..။

နန်းယမင်း

အစွန်းရောက်မျိုးချစ်မျက်ကန်း




တစ်ဖက်ကန်းတဲ့ မျက်လုံး..
တစ်ဖက်ပဲ မြင်တဲ့ အကြည့်..
ကိုယ့် ဘို့ကိုကြည့်....
ဘယ်သူ သေသေ..ငတေမာ၇င် ပြီးေ၇ာ..
ကိုယ်လုပ်မှ အမှန်
ကိုယ်မြင်မှ အမှန်...
ကိုယ်သိမှ အတတ်..
ဇွတ်အတင်း အမှောင်သွင်း...
ေ၇ှး၇ိုးမူအစွဲ..လူငနဲကများ..လူမျိုးအတွတ်တဲ့..
အသံကောင်းဟစ်လို့..
အိမ်ကြက်ချင်း ခွပ်ရဲ့တဲ့အစွမ်း..
အံ့မခမ်းပါရဲ့...။

မိန်းမသားကို စိန်ခေါ်..
မိန်းမသားကို ပုတ်ခတ်..
မိန်းမသားကို ခြိမ်းခြောက်..
သူလို ယောက်ျား သတ္တိကောင်းပါရဲ့...
၇ှင့် ဘိုး..၇ှင့်အနွယ်...ပြန်စစ်
မြင့်မြတ်တဲ့ နှလုံး..
၇ှင့်တို့ ပုခုံးမှာ ထမ်းထားဖူးသလား...
နွားအနား စောင်းတီး..
တီးပြ၇တာ လက်ညောင်းတယ်...။

လာမနှောက်နဲ့..
လာ မ၇ူတ်နဲ့..
ငါ ယုံကြည်၇ာ ငါလှမ်း..
စည်းလုံးခြင်းမ၇ှိတဲ့ လက်လည်း..
ငါမဆုတ်ဘူး..။
ဘယ်သူ မြူဆွယ်လို့ မဟုတ်ဘူး..
ဘယ်သူ ဆွဲဆောင်လို့ မဟုတ်ဘူး..
ငါ့စေတနာနဲ့ငါ..
ဒီလမ်းကို လှမ်းခဲ့တာ...
အသိမှတ် မပြုချင်နေ...
အသိမှတ်ပြုခံလိုခြင်းတွတ် မဟုတ်..
အဖိခံဘဝတွေရဲ့..အသိအမှန်ကို
ပြချင်၇ုံသက်သက်...
အသံကောင်းံဟစ်ဖို့တွတ် မဟုတ်ဘူး..။

"ပတ္တမြားမှန် နွံမနစ်"
ငါ့စေတနာတွေ..နွံမနစ်စေဘူး...
အေးချမ်းခြင်းဘဝကို စွန့်လို့..
ချစ်သူလေးကိုပြစ်ပြီး
ဘဝ၇ည်၇ွယ်ချတ်တွေ ပျောက်လို့...
ခါးသီးမူ့ကိုေ၇ွးလို့နေခဲ့၇တာ..
တကယ်တော့..
ငါ့မှာ နှလုံးသား ဒဏ်ရာတေးသွားနဲ့
ညမှာ အိပ်မပျော်ခဲ့တာ ...
လူမျိုးအေ၇းကို ..
ငါ့အေ၇းတွေထတ် စတေးခဲ့တာ..
တုန့်ပြန်ခြင်း၇လဒ်က ဒါပဲလား...။


ကိုယ့်အသိနဲ့ ကိုယ့်အရှိတိုင်းနေမယ်..
ကိုယ့်အ၇ပ်နဲ့ မမှီချင်နေ...
ကိုယ့်ယုံကြည်၇ာတော့..မစွန့်လွှတ်ဘူး..။
ကိုယ့်စေတနာနဲ့ ကိုယ့်စိတ်
ကိုယ်ရှင်းဖို့သာ ပဓာဏ..
သဟဇာတ မျှတအောင်တော့ နင်တို့နေ.....
ငါ့စေတနာကို နွံနစ်လို့ ဆွဲမသတ်နဲ့..
သူ့အသက်က..
နင်တို့ထတ် ပြင်းတယ်..ဆိုတာ
မှတ်သွားလိုက်ပါကွယ်၇ို့....။


နန်းယမင်း