မင်း...ထိုလမ်းဆို
ငါ့...ဒီလမ်း
သုံးနဲ့လေးလို
ကျော့ခိုင်းသွားနေကြတာ
နှစ်ပေါင်းမနည်းတော့ဘူးကွယ်
ရည်ရွယ်ချက်ချင်းတူလျှက်သားနဲ့
ငါဆိုတဲ့ အတ္တ မန်မာနတွေကြောင့်
သဘောထားချင်းမတိုက်ဆိုင်လို့
ကွဲလွဲနေတော့မဖြစ်သင့်ဘူးလေ
ကိုယ့်လူမျိုးအတွက် အကျိုးမရှိ
မင်းတို့...ငါ့တို့...မှားခဲ့တဲ့ အမှားတွေကို
သင်္ခန့်စာယူကြရအောင်။
ငါအမှန် မင်းအမှားနဲ့
တစ်ယောက်အပြစ် တစ်ယောက်တင်
တစ်ယောက်ကို တစ်ယောက်လက်ညှိုးထိုး
တစ်ယောက်တစ်မျိုးနဲ့
အချိန်ကုန် လူမော
ကိုယ့်အချင်းမညီ..ကိုယ့်ပေါင်လှန်ထောင်း
တစ်ယောက်ကို တစ်ယောက်အပုတ်ချလို့
သတင်းတွေလည်း မမွှေးတော့ပြီ..။
""ရွှေသမင် ဘယ်ကထွက် ၊မင်းကြီးဖင်ကထွက်'"
မကြားဝံ့လို့မခံသာ ၊နားစွင့်လို့မတော်
ငါအမှန် မင်းအမှန်ဇွတ်ငြင်း
ကိုယ့်အချင်းတောင် မလေးစား
အကြောင်းအရင်းမညီတော့
ကောင်းကျိုးတရား ဘယ်ရှိမလည်း...။
ငါပဲတတ် ၊မင်းပဲသိနဲ့
အတ္တကိုယ်စွဲ ၊ပုဂ္ဂိုလ်စွဲ့ဖြင့်
လူထုအရေးကိုမေ့ ၊ကိုယ့်ဂုဏ်ဖော်အရေးကိုတွေးရုံလောက်နဲ့
အမျိုးသား ခေါင်းဆောင်မဖြစ်နိုင်ဘူးလေ..
ယုတ္တိရှိရှိ ၊အကျိုးရှိရှိ ဘဝအမှန်ကိုတွေး
လူထုအရေးကို ခဏလေးတွေးပေးကြစမ်း။
ညီညွှတ်ခြင်းမဲ့တဲ့လက် ၊ အပြစ်တင်ပဲတတ်တဲ့ပါးစပ်နဲ့
ကိုယ့်အကြောင်းကိုလည်း ၊ကိုယ်ပြန်ကြည့်ပါအုံး..
မပြည့်တဲ့အိုး ဘောင်ဘင်ခတ် ၊
"တစ်စိတ်ကို တစ်အိတ်လုပ်"
တကယ်လုပ်သူက တိတ်တိတ်..ဆိတ်ဆိတ်..
"ဝ မရှိပဲ ၊ဝိလုပ်...လုပ်...လုပ်....လုပ်..။
နန်းယမင်းဝေ
No comments:
Post a Comment