Wednesday 2 November 2011

ကရင့်သွေးဟေ့


အားစု အင်စိုက် တိုက်ခိုက်တော်လှန်

စစ်အာဏာရှင်ရန်မှ ဝေးလံလွတ်ကင်း

အမှောင်တွင်းမှ ရှင်းရှင်းထွက်ရန်

တူတွန်းလှန်မည် ကရင်သွေးဟေ့ ရဲကြမည်။

အာဏာမလို ထက်ကိုမမှန်း

မငမ်းခွင့်ရေး မတွေးစည်းစိမ်

နှလုံးအိမ်တွင် ကြိမ်ကြိမ်စဉ်းစား

လွတ်လပ်သွားရေး

ဓားကျိုး ဒုတ်ရိုက် တိုက်ခိုက်ကြမည်

ကရင်သတ္တိ ကမ္ဘာသိစေ…………။

ပြည်နယ်တိုင်ဖွား ကရင်များတို့

ကွဲပြားမရှိ မြင်လို၏……….။

နတ္ထိဝမ်းစာ စုပ်ချာအိုးအိမ်

ရောင်မှိန်အ၀တ် ငတ်မွတ်ခေါင်းပါး

ပြည်နယ်ပြည်သား ကရင်များကို

လွတ်လပ်တောင့်တ တွေ့လိုလှ၍

နှင်းအပ်ခန္ဓာ ပေးဆပ်ပါမည်

သက်ကြွေသွားလည်း ဂရုမပြု

သက်သေထုတည် ကရင်သွေးမို့ရဲကြသည်။

နန်းယမင်း

No comments:

Post a Comment