Wednesday 2 November 2011

ညီညွတ်ကြစို့



မင်းကစကော

ငါကပိုး

အမျိုးဘာသာ

သာသနာမှာ

ဗုဒ္ဓ ခရစ်ယာန်

ခွဲစရာမလိုဘူး။

ငါကဒီမြေ

သူကထိုအရပ်

မင်းကထိုမြို့

မခိုင်စိတ်ဓါတ်

ကွဲပြားနေရင်

ဟင်္သာကိုးသောင်းလို့

အစားခံရတော့မယ်။

အတိတ်က အမှားတွေကို

ိုအစမဖေါ်နဲ့တော့

လက်ရှိအနေအထားကို

အကောင်းဆုံးဖြစ်အောင်လုပ်။

ဆုတ်လည်းဆူး စားလည်းရူး

မထူးဇာက်ကိုခင်းလို့

သေရမဲ့အတူတူ

တုံးတိုက်တိုက် ကျားကိုက်ကိုက်

လက်သီးလက်မောင်းတန်းလို့

ကရင်ညီနောင်များ

တိုက်ပွဲဝင်ကြပါစို့။

No comments:

Post a Comment