Wednesday 2 November 2011

ကော်သူလေးသို့


မဟာလူမျိုးကြီးလက်အောက်က

ကရင်လူမျိုးနဲ့ ကရင်ပြည်

လွတ်မြောက်ဖို့အတွက်

ကော်သူလေးတို့ လက်နက်ကိုင်

တော်လှန်တိုက်ပွဲဆင်နွဲ့လာခဲ့တာ

နှစ်ပေါင်း(၆၀)ကျော်ကြာခဲ့ပြီ

တော်လှန်ရေး အပြောင်းအလဲ

တမျိုးတဖုံ မထူးခြားသော်လည်း

ကော်သူလေးရေ စိတ်ဓာတ်မကျနဲ့

(KNU)မှာ မျိုးချစ်သူရဲကောင်းတွေ

အများကြီးမွေးထုတ်နိုင်ပါတယ်။

အို ကော်သူလေးရေ

နှစ်တွေလည်းဟောင်း

ခေတ်တွေပြောင်း

ကိုယ့်လူမျိုးအတွက်

ဘဝနဲ့ အသက်ကိုရင်း

ဇွဲလုံ့သတ္တိ ဝိရိယနှစ်ဆတိုး

နှစ်ပေါင်း(၆၀)ကျော်

တော်လှန်တိုက်ပွဲဆင်နွဲ့ခဲ့တာ

ဒဏ္ဏာရီမဟုတ်ဘူး။

မဟာလူမျိုးကြီးထံ

လက်မြောက်ဒူးထောက်

အရှုံးပေးသွားရင်

အမျိုးသား သစ္စာဖေါက်ဖြစ်မှာပေါ့

ရာဇဝင်သမိုင်းမှာ စာတင်မခံနဲ့

ကော်သူလေးရေ။

ခေတ်သစ် စနစ်သစ်မှာ

စိတ်သစ်ကိုယ်သစ် အတွေးသစ်နဲ့

သွေးရင်းညီအစ်ကို ကရင်ညီနောင်များကို

ကော်သူလေးတို့

လက်တွဲဆွဲခေါ် ထကြွညီတူ

တော်လှန်တိုက်ပွဲ ဇွဲမလျှော့ပဲ

အောင်ပွဲ ရအောင်တိုက်ကြမယ်။

နန်းယမင်း

No comments:

Post a Comment