Wednesday 2 November 2011

အဆုံးသတ်အောင်ပွဲ


အရိုးဆွေးသွားတဲ့

ငါတို့ဘိုးဘွားတွေကအစ

မတရားမှုကိုငုံမခံ

ဆန့်ကျင်ခဲ့တဲ့ တို့ကရင်

အိုးအိမ်တွေမဲ့ခဲ့

နေရာတွေပျောက်လည်း

စည်းစိမ်ဥစ္စာကိုမမက်

ဖိနှိပ်ခြင်းကိုသီးမခံ

ခေတ်အဆက်ဆက်က

တော်လှန်ခဲ့ပြီး တို့ကရင်

မင်းဒို့ခေတ် အာဏာစက်နဲ့

ညှင်းပန်းလို့နှိပ်စက်

ငါတို့လူမျိုးတွေကိုသတ်ဖြတ်

မင်းတို့လို အာဏာရူး ဝါဒီမျိုးကို

ဆန့်ကျင်တော်လှန်တိုက်ခိုက်ပြီး

ငါတို့ရဲ့လွတ်လပ်မှု

ဒီမိုကရေစီခေတ်

ရာစုသစ်ကို ရောက်သိအထိ

ကြိုးစားတော်လှန် တိုက်ခိုက်မဲ့

အဆုံးသတ်အောင်ပွဲဆီသို့.......

သွေးစည်းကြပါစို့။။။။။။။။။

နန်းယမင်း

No comments:

Post a Comment