Thursday 6 October 2011

လောကကြီး က ကျွန်မကိုသင်ပေးလိုက်ပြီးပဲ..



လူဆိုတာ ကိုယ့်သမိုင်း ကိုယ့်ရေးရမယ်
ငါ့သမိုင်း ငါ့အနာဂတ်မှာ
ရေးပြဖို့ကောင်းလောက်အောင်
ဘယ်သစ်ပင်မှာ ဂန္တာဝင်ထွင်အောင်
ပန်းတွေမပွင့်ဝေခဲ့ပါဘူး....

ငါကိုယ်တိုင်ကလည်း
အသက် 00 နှစ်သာ ပြည့်သွားတယ်
ရေရေရာရာ ဘာမှမသိ
ရင့်ကြက်မူမရှိသေးဘူး
အရပ်သာမြင့်တယ်
လိုချင်တာ လှမ်းလို့ မမှီသေးဘူး....

ငါကိုယ်တိုင်ရွေးချယ်ပြီး
ငါ့ယုံကြည်ချက်နဲ့ ဆောက်ခဲ့တဲ့ ဘူဒါ
လောဘတွေကို မွန်းမံတယ် ဆိုချင်သလား
ရတယ်လေး......
အထ္ထတွေကို မွန်းမံတယ်ပြောလည်း
လက်ခံမှာပဲ။

ငါ့သမိုင်း ငါရေးတယ်ဆိုပေမဲ
သဲသောင်ပြင်မှာ တုတ်နဲ့ ခြစ်တော့
ဘယ်မော်ကွန်းဝင်ပါမလည်း....

ဘဝမှာတိုးတက်လာ မေးရင်
ဖြေရခတ်သား
လူတွေကြားထဲမှာ ရှင်သန်ရပ်တည်ဖို့ဆိုတာ
ပညာရှိအမြတ်အပြင်မထွက်ဆိုသလို
ရင်ထဲမှာမုန်းနေပေမဲ့ မျက်နှာကပြုံးပြီး
ပါးစပ်ကလည်းချိုနေဖို့ဆိုတာ
တကယ်တော့မလွယ်လှဘူး

လူတွေနဲ့ဆက်ဆံရင်တော့
လိုအပ်ရင်
ပုတ်သင်ညိုလို့ ပဲ အရောင်ပြောင်းတတ်ရမယ်ဆိုတာ
လောကကြီး က ကျွန်မကိုသင်ပေးလိုက်ပြီးပဲ..........

No comments:

Post a Comment